ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီးအတွင်းရှိ (၅ -၃ -၂၀၂၀) ရက်နေ့ မကွေးကုန်စည်ဒိုင်နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်၊

Last Updated:

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင်( ၂၇--၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်ဂွနက်/ရိုးရိုး (၅၀၀၀/) ၊  နှမ်းဖြူ(၃၀၀၀/-)(၄၀၀၀/-) ၊နှမ်းဖြူ-‌ရေသွင်း(၁၀၀၀/-) ၊နှမ်းနီ(၂၀၀၀/-)၊ နှမ်းညိုကြား  (၁၀၀၀/-) ကျပ် စျေးတက်ပြီး   အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၈၀၀ မှ ၁၂၀၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာ  ယခင် ( ၂၇--၂၀၂၀ )  ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲလွန်းဝါသေး  (၂၃၀၀/-)၊ ပဲကြီးမဲ (၂၅၀၀/-)ကျပ် စျေးတက်ပြီး  ကုလားပဲသေး  (၂၀၀/- ) ၊ပဲထောပတ်(၅၀၀/-)၊ ပဲစဉ်းငုံ (သစ်)    (၁၀၀/-) ၊ ပဲစဉ်းငုံ (ဟောင်း) (၁၀၀၀/-) ၊ မတ်ပဲ (၃၅၀၀/-)  ကျပ် စျေးကျ ကာကျန် ပဲမျိုးစုံစျေး များ  အပြောင်း အလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့််ယခင်( ၂၇--၂၀၂၀ )ရက်စျေးနှုန်းထက် မြေပဲလုံးဆံနီ(လိုင်း)(၁၀၀/-) ကျပ်စျေးတက်ပြီး မြေပဲလုံးဆံဖြူ(လိုင်း)၊ မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး)  မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၂၇..၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၈၀/-) ကျပ်စျေးကျပြီး၊ နှမ်းဆီ၊ မြေပဲဆီ၊အပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။

 

 

ဆန်

          မကွေးကုန်စည်ဒိုင်စျေးအရ ဆန်အနေဖြင့် (၂၇.၂.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်၊ ပေါ်ဆန်းမွှေးဖျာပုံ၊ ပေါ်ဆန်မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။

ရက်စွဲ၊ ..၂၀၂၀

 

ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်

              ပခုက္ကူ   ကုန်စည်ဒိုင်တွင်    ယခင် (   ၂၇--၂၀၂၀    ) ရက်  စျေးနှုန်း  နှင့်   နှိုင်းယှဉ်ပါက ကုလားပဲ(V2)(၅၀၀/-)၊   ကုလားပဲ(ကုလားပဲ(V6)(၅၀၀/-) စွန်တာကျွန်း(၈၀၀/-)၊ ပဲဇီးကွက်သစ် (၇၀၀/-) ကျပ်စျေးကျကာပဲစဉ်းငုံ2020(၁၀၀/-)၊ ကုလားပဲ(HL)သစ် (၃၀၀/-)၊ ၊ထောဖြူကျွန်းသစ် (၃၀၀/-)  ကျပ်စျေးတက်ပြီး ကျန်ပဲမျိုးစုံနှင့် နှမ်းစျေးများအပြောင်း အလဲမရှိဘဲနှမ်း(၅၀)အိတ်

                  နှင့် ပဲမျိုးစုံ(၅၅၀)အိတ်နှင့်စီပီပြောင်း(၅၀)အိတ် အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။

 

 

 

ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်

              ရေစကြို ကုန်စည်ဒိုင်တွင်    ယခင် (   ၂၆--၂၀၂၀    ) ရက်  စျေးနှုန်း  နှင့်   နှိုင်းယှဉ်ပါက ၊ စားအုန်းဆီ(၂၀၀/-) ၊  မြေပဲဆံနီလုံးဆံ(၃၀၀/-)     ၊မြေပဲဆံဖြူလုံးဆံ(၁၀၀/-) ၊   မတ်ပဲ(၄၀၀၀/-) စွန်တာပြာ  (၅၀၀/-)  ၊ ပဲဇီးကွက် (၅၀၀/-) ၊ ပဲလွန်းပြာ   (၁၀၀၀/-)    ၊   ကုလားပဲ(V2) (၅၀၀/-)၊ စီပီပြောင်း  (၁၀၀/-) ကျပ် စျေးကျကာ ကျန်ပဲမျိုးစုံနှင့် နှမ်းစျေးများ အပြောင်းအလဲမရှိ အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။